COVID-19 ဟော့လိုင်း
COVID-19 နှင့် စပ်လျဥ်း၍ မေးမြန်းစရာရှိပါက 1-800-525-0127 # ဒါမှမဟုတ် ဒါမှ 888-856-5816 ကို နှိပ်ပါ။ သူတို့ ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န် ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဟော့လိုင်းမှာ တနင်္လာနေ့ မှ သောကြာနေ့တွင် မနက် 6 နာရီမှ ည 10 နာရီအထိ၊ စနေနေ့ မှ တနင်္ဂနွေနေ့ တွင် မနက် 8 နာရီမှ ည 6 နာရီအထိ ဖွင့်ထားပါသည်။
Washington State Commission on Asian Pacific American Affairs (CAPAA)
- ကျွန်ုပ်၏ ဖုန်းပေါ်တွင် WA Notify ကို ဘယ်လို ထပ်ရမလဲ။
- လက်ရှိနောက်ဆုံးရ အချက်အလက်များ
- COVID-19 ဆိုသည်မှာ အဘယ်နည်း
- ၀ါရှင်တန်ကို ပြန်လည်ဖွင့်လှစ်ခြင်း-Safe Start Plan၊
- အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်း နှင့် စပ်လျဥ်းသည့် ရင်းမြစ်များအပြင်၊
- ကျန်းမာရေးအာမခံ ရင်းမြစ်များ၊
- လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်ဆိုင်ရာ အချက်အလက်၊
- စိတ်ကျန်းမာရေး နှင့် ခံစားမှုဆိုင်ရာ ကျန်းမာရေး၊
- အစားအသောက်ရင်းမြစ်များ၊
- မိသားစုများအတွက် အချက်အလက်များ နှင့် ရင်းမြစ်များ၊
- ထပ်ဆင့်ရင်းမြစ်များ နှင့် အချက်အလက်များ
- Washington (ဝါရှင်တန်) တွင် နေထိုင်သူများအတွက် အပေါင်စာချုပ်ဆိုင်ရာ အထောက်အပံ့
ကျွန်ုပ်၏ ဖုန်းပေါ်တွင် WA Notify ကို ဘယ်လို ထပ်ရမလဲ။
iPhone ပေါ်တွင် Settings ထဲမှ Exposure Notifications ကို ဖွင့်လိုက်ပါ။
- Settings သို့သွားပါ
- Exposure Notifcations သို့ရောက်သည်အထိ ဆွဲချကြည့်ပါ
- “Exposure Notifications ကိုဖွင့်မည်” ပေါ်တွင် ဖိပါ
- အမေရိကပြည်ထောင်စု ကို ရွေးချယ်ပါ
- ၀ါရှင်တန် ကို ရွေးချယ်ပါ
အန်းဒရွိုက် ဖုန်းပေါ်တွင်
- Google Play Store သို့သွားပါ။
- Washington Exposure Notifications အက်ပ်စ်ကို ဒေါင်းလုပ်ဒ်လုပ်ပါ (WA Notify)
Washington Exposure Notifications (၀ါရှင်တန် ထိတွေ့မှု အကြောင်းကြားစာများ)ဆိုတာဘာလဲ။
Washington Exposure Notifications (WA Notify (ဒဗျူလူအေ အကြောင်းကြားစာ) ဟုလည်းသိကြသည့်) သည် ကိုဗစ်-19 ရောဂါပိုးနှင့် ထိတွေ့မိနိုင်ကြောင်း သတိပေးနိုင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မမျှဘဲ စမတ်ဖုန်းမှတစ်ဆင့် အလုပ်လုပ်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ၄င်းသည် လုံး၀ လျို့ဝှက်ဖြစ်ပြီး သင်ဘယ်သူလဲ၊ ဘယ်သွားခဲ့လဲ စသည်တို့ကို လုံး၀မသိသော၊ ခြေရာခံမလိုက်သော နည်းလမ်းဖြစ်ပါသည်။
ဘယ်လိုအလုပ်လုပ်သလဲ။
WA Notify ကို သင်ဖွင့်ထားပါက သင့်ဖုန်းသည် အနီးအနားရှိ WA Notify ဖွင့်ထားသော သူများ၏ ဖုန်းများနှင့် ကျပန်းဖြစ်သော မည်သူမှန်းမသိသော ကုဒ်များကို ဖလှယ်ပါသည်။ အက်ပ်စ်က Bluetooth Low Energy (BLE) (ဘလူးတုဒ် စွမ်းအင်နိမ့် (BLE)) နည်းပညာ ကို အသုံးပြုပြီး သင်ဘယ်သူမှန်းမသိစေဘဲ အဆိုပါကုဒ်များကို ဖလှယ်ပါသည်။ အကယ်၍ သင့်အနီးနားတွင် လွန်ခဲ့သော နှစ်ပတ်အတွင်းက ရှိခဲ့ဖူးသော WA Notify အသုံးပြုသူတစ်ယောက်တွင် ကိုဗစ်-19 ရောဂါပိုးစစ်ဆေးတွေ့ရှိပြီး ၄င်း၏ အတည်ပြုကုဒ်ကို အက်ပ်စ်ထဲထည့်လိုက်ပါက သင်သည် ရောဂါပိုးနှင့် ထိတွေ့မိနိုင်ကြောင်း အမည်မသိ အကြောင်းကြားချက်ကို ရရှိမည် ဖြစ်ပါသည်။ ယင်းသို့အားဖြင့် သင့်အနေနှင့်လည်း လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများကို ရစေနိုင်သလို သင့်အနားရှိ အခြားသူများထံ ကိုဗစ်-19 ရောဂါပိုးမပျံ့စေရန်လည်း ကူညီနိုင်ပါသည်။
၄င်းက ဘယ်လိုအကူအညီပေးနိုင်သလဲ။
လေ့လာမှုများအရ Exposure notification ကို အသုံးပြုသူများလေလေ အကျိုးကျေးဇူးပိုများလေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၀ါရှင်တန်ပြည်နယ်တွင်းရှိ ကောင်တီ သုံးခုတွင် ပြုလုပ်သည့် အစမ်းလုပ်ဆောင်မှုများအရ WA Notify ကို အသုံးပြုသူအနည်းငယ်ရှိလျှင်လည်း ရောဂါပိုးကူးစက်ခံရမှု နှင့် သေဆုံးမှုကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ခြင်း၊ လူလူချင်း ခပ်ခွာခွာနေခြင်း နှင့် လူနည်းနည်းသာစုနေခြင်းတို့ကဲ့သို့ပင် WA Notify သည် ကိုဗစ်-19 ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်စေမည့် နောက်နည်းလမ်းတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကို ဘယ်လိုအကာအကွယ်ပေးထားသလဲ။
WA Notify သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန် ဒီဇိုင်းရေးဆွဲထားသည့် Google Apple Exposure Notification နည်းပညာကို အခြေခံထားပါသည်။ စနစ်သည် တည်နေရာ အချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Google၊ Apple၊ ၀ါရှင်တန် ပြည်နယ် Department of Health(DOH) (ကျန်းမာရေး ဌာန(DOH)) သို့မဟုတ် အခြားအသုံးပြုသူများကို မျှမည် မဟုတ်ပါ။ ပါ၀င်ခြင်း မပါ၀င်ခြင်းမှာ မိတ်ဆွေ၏ ဆန္ဒအလျောက်သာ ဖြစ်ပါသည်။ အသုံးပြုသူများသည် မည်သည့်အချိန်တွင်မဆို အသုံးပြုခြင်း သို့မဟုတ် အသုံးမပြုတော့ခြင်းကို ပြုလုပ်နိုင်ပါသည်။
၀ါရှင်တန် က ဘာကြောင့် ဤနည်းလမ်းကို ရွေးချယ်ရသလဲ။
၀ါရှင်တန်သည် လုံခြုံရေး နှင့် မြို့ပြလွတ်လပ်ခွင့် ကျွမ်းကျင်သူများ၊ အသိုင်းအ၀ိုင်းမျိုးစုံမှ အဖွဲ့၀င်များ ပါ၀င်သည့် ပြည်နယ်လေ့လာရေး အုပ်စုကို ဖွဲ့စည်းပြီး Apple/Google ဖြေရှင်းနည်းလမ်းကို လေ့လာခဲ့ပါသည်။ ထိုအုပ်စုက နည်းလမ်း၏ ယုံကြည်စိတ်ချရမှု၊ အကောင်းမွန်ဆုံး အချက်အလက် အကာအကွယ်ပေးနိုင်စွမ်း နှင့် အခြားပြည်နယ်များတွင် အသုံးပြုနိုင်မှုတို့အပေါ် အခြေခံပြီး အသုံးပြုရန် တိုက်တွန်းအကြံပေးထားပါသည်။
ထိတွေ့မှု အကြောင်းကြားစာ မေးလေ့မေးထရှိသော မေးခွန်းများ
1. WA Notify ကို အသုံးပြုရန် ဖွင့်ပေးရမည်လား။
ကြုံတွေ့သည် WA Notifyသည် အခမဲ့ နှင့် မိမိဆန္ဒအလျောက်ဖြစ်ပါသည်။ မည်သည့်အချိန်တွင်မဆို ပိတ်ထားလိုက်နိုင်ပါသည်။ အက်ပ်စ်ကို ပိတ်ထားရုံ သို့မဟုတ် ဖျက်ပစ်လိုက်နိုင်ပါသည်။ အနီးအနားရှိ အသုံးပြုသူများထံမှ သိမ်းဆည်းထားသော ကျပန်းကုဒ်များအားလုံးကို ဖျက်ပစ်လိုက်မည် ဖြစ်ပြီး ပြန်လည်ရယူနိုင်လိမ့်မည် မဟုတ်ပါ။
2. WA Notifyသည် ထိတွေ့မိသူကို ခြေရာခံ အက်ပ်စ် တစ်ခုလား။
မဟုတ်ပါ။ ထိတွေ့မိသူ ခြေရာခံခြင်းက ကိုဗစ်-19 ရောဂါပိုးရှိသူနှင့် ထိတွေ့မိသူကို ဖော်ထုတ်ခြင်းဖြစ်ပါသည်။ WA Notifyသည် သင်နှင့် ထိတွေ့မိသူများ၏ အချက်အလက်များကို ခြေရာမခံထားပါ ထို့ကြောင့် ၄င်းသည် “ထိတွေ့မှု ခြေရာခံခြင်း” မဟုတ်ပါ။ အက်ပ်စ်သည် မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက် ကိုမျှ မစုဆောင်းသဖြင့် မည်သူကမျှ သင်ဘယ်သူနှင့် ထိတွေ့မိသလဲဆိုတာကို မသိနိုင်ပါ။
3. “ထိတွေ့မှု” ဆိုတာဘာလဲ။
သင်သည် နောင်တွင် ကိုဗစ်-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် WA Notify အသုံးပြုသူနောက်တစ်ယောက်နားတွင် အချိန်တစ်ခုကြာရှိနေခဲ့ပါက ထိတွေ့မှု ရှိပါသည်။ ၄င်းသည် လက်ရှိ ကိုဗစ်-19 ဆိုင်ရာ ခပ်ခွာခွာနေထိုင်မှု နှင့် ရောဂါကူးစက်ခြင်းနှင့်ပတ်သက်သည့် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများ (စီဒီစီ)) ၏ လမ်းညွှန်ချက် ကို လိုက်နာပါသည်။
4. ကျွနု်ပ်တွင် ထိတွေ့မှု ရှိကြောင်း WA Notify က ပြောလာပါက ဘာဆက်ဖြစ်မည်နည်း။
အကယ်၍ WA Notifyက သင်သည် ထိတွေ့မှုရှိခဲ့ကြောင်း တွေ့ရပါက သင်ဘာဆက်လုပ်ရမလဲဆိုသည့်အကြောင်း အချက်အလက်များပါသည့် ၀က်ဘ်ဆိုက်ဒ်ထဲသို့ လမ်းပြပေးမည့် အကြောင်းကြားစာတစ်စောင် ဖုန်းထဲသို့ရောက်လာပါလိမ့်မည်။ ယင်းတွင် ဘယ်နေရာတွင် ဘယ်လိုစစ်ဆေးခံရမလဲ၊ သင်နှင့် အခြားသူများ ကူးစက်မခံရအောင် ဘယ်လိုနေမလဲ နှင့် အခြားမေးခွန်းများကို ဖြေဆိုရန် အရင်းအမြစ်များ ပါ၀င်ပါလိမ့်မည်။ ၀က်ဘ်ဆိုက်ဒ်ထဲပါသော အကြောင်းအရာ နှင့် လမ်းညွှန်ချက်များကို ဖတ်ရှု့လိုက်နာရန် အရေးကြီးပါသည်။
5. ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကို ဘယ်လိုအကာအကွယ်ပေးထားသလဲ။
WA Notify သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန် ဒီဇိုင်းရေးဆွဲထားသည့် Google Apple ထိတွေ့မှု အကြောင်းကြားစာ နည်းပညာကို အခြေခံထားပါသည်။ စနစ်သည် တည်နေရာ အချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Google၊ Apple၊ Washington State Department of Health (DOH, ၀ါရှင်တန် ပြည်နယ် ကျန်းမာရေး ဌာန)သို့မဟုတ် အခြားအသုံးပြုသူများကို မျှမည် မဟုတ်ပါ။ ပါ၀င်ခြင်း မပါ၀င်ခြင်းမှာ မိတ်ဆွေ၏ ဆန္ဒအလျောက်သာ ဖြစ်ပါသည်။ အသုံးပြုသူများသည် မည်သည့်အချိန်တွင်မဆို အသုံးပြုခြင်း သို့မဟုတ် အသုံးမပြုတော့ခြင်းကို ပြုလုပ်နိုင်ပါသည်။ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ထားခြင်း နှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိရန် WA Exposure Notifications ကိုယ်ရေးကိုယ်တာ နှင့် ဆိုင်သော မူ၀ါဒများ ကို ကြည့်ပါ။
6. ကျွနု်ပ်တွင် ကိုဗစ်-19 ရောဂါပိုးရှိကြောင်း လူတွေသိသွားကြမလား။
မသိနိုင်ပါ။ WA Notifyက သင့်အချက်အလက်များကို ဘယ်သူနှင့်မျှ မမျှပါ။ အကယ်၍ တစ်ယောက်ေယာက်က ထိတွေ့မှုရှိနိုင်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိလျှင် ၄င်းတို့အနေဖြင့် လွန်ခဲ့သော 14 ရက်အတွင်းက ကိုဗစ်-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူနှင့် ထိတွေ့မိခဲ့ကြောင်းကိုသာ သိနိုင်ပါလိမ့်မည်။ သူတို့အနေဖြင့် ဘယ်သူနှင့် ဘယ်နေရာမှာ ထိတွေ့မှုဖြစ်ခဲ့ကြောင်း သိလိမ့်မည် မဟုတ်ပါ။
7. WA Notify အတွက် ပိုက်ဆံပေးရမလား။
မပေးရပါ။ WA Notify သည် အခမဲ့ ဖြစ်ပါသည်။
8. WA Notifyက ၀ါရှင်တန် ပြည်နယ်ကို ဘယ်လိုကူညီနိုင်မလဲ။
လေ့လာမှုများအရ ထိတွေ့မှု အကြောင်းကြားစာ ကို အသုံးပြုသူများလေလေ အကျိုးကျေးဇူးပိုများလေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၀ါရှင်တန်ပြည်နယ်တွင်းရှိ ကောင်တီ သုံးခုတွင် ပြုလုပ်သည့် အစမ်းလုပ်ဆောင်မှုများအရ WA Notify ကို အသုံးပြုသူအနည်းငယ်ရှိလျှင်လည်း ကိုဗစ်-19 ရောဂါပိုးကူးစက်ခံရမှု နှင့် သေဆုံးမှုကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ခြင်း၊ လူလူချင်း ခပ်ခွာခွာနေခြင်း နှင့် လူနည်းနည်းသာစုနေခြင်းတို့ကဲ့သို့ပင် WA Notify သည် ကိုဗစ်-19 ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်စေမည့် နောက်နည်းလမ်းတစ်ခုဖြစ်ပါသည်။
9. ကျွနု်ပ် ပြည်နယ်ပြင်ပသို့ ခရီးသွားနေလျှင် WA Notifyက အလုပ်လုပ်မည်လား။
ကြုံတွေ့သည် အကယ်၍ သင်သည် Apple/Google နည်းပညာကို အသုံးပြုသည့် အက်ပ်စ်ရှိသည့် ပြည်နယ်သို့ ခရီးသွားလျှင် သင့်ဖုန်းသည် ၄င်းပြည်နယ်တွင်းရှိ အခြားသော အသုံးပြုသူများနှင့် ကျပန်းကုဒ်များကို ဆက်လက်ဖလှယ်နေပါလိမ့်မည်။ သင့်အက်ပ်စ်ဆက်တင်များ ထဲတွင် မည်သည့်အရာကိုမျှ ပြောင်းလဲရန် မလိုအပ်ပါ။ အကယ်၍သင်သည် ၀ါရှင်တန် ပြည်နယ်ပြင်ပသို့ ခရီးရှည်သွားမည်ဆိုပါက ပြည်နယ်အသစ်တွင် ဒေသန္တရ အထောက်အပံ့ နှင့် သတိပေးမှုများအကြောင်းကို လေ့လာသင့်ပါသည်။
10. အဘယ့်ကြောင့် ထိတွေ့မှု ခြေရာခံခြင်း နှင့် WA Notify နှစ်မျိုးစလုံး လိုရပါသနည်း။
ထိတွေ့မှု ခြေရာခံခြင်းသည် အများပြည်သူကျန်းမာရေးအတွက် လုပ်ဆောင်ရာတွင် ဆယ်စုနှစ်များစွာ အသုံး၀င်သည့် နည်းလမ်းဖြစ်ခဲ့ပါသည်။ WA Notifyက ဤအလုပ်ကို အမည်မသိအနေဖြင့် ကူညီလုပ်ဆောင်ပေးပါသည်။ ဤတွင် ဥပမာ တစ်ခုဖြစ်ပါသည်။ အကယ်၍ သင့်တွင် ကိုဗစ်-19 ရောဂါပိုးတွေ့ရှိပါက အစိုးရကျန်းမာရေး အရာရှိက သင့်ကို ဖုန်းဆက်ပြီး လတ်တလော သင်၏ အနီးကပ်ထိတွေ့မိသူများအကြောင်းကို မေးမြန်းပါလိမ့်မည်။ ဘတ်စ်ကားပေါ်တွင် အတူထိုင်လာသည့် သူစိမ်းတစ်ယောက်အကြောင်းကို သင်သိနိုင်လိမ့်မည် မဟုတ်ပါ။ သင်တို့နှစ်ယောက်စလုံး WA Notifyကို အသုံးပြုပါက ဘတ်စ်ကားပေါ်မှ သူစိမ်းကို သူ့တွင် ထိတွေ့မိမှုရှိနိုင်ကြောင်း အမည်မသိအကြောင်းကြားပေးခြင်းဖြင့် ကိုဗစ်-19 ကို သူ့မိတ်ဆွေ မိသားစုများထံသို့ မကူးစက်အောင် လိုအပ်သည်များကို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။ လက်ဆေးခြင်း နှင့် နှာခေါင်းစည်း ၀တ်ဆင်ခြင်းကဲ့သို့ပင် အတူတကွလုပ်ဆောင်ပါက ကိုဗစ်-19 ပျံ့နှံ့မှုကို တားဆီးနိုင်ပါလိမ့်မည်။
11. အခြားအသုံးပြုသူများကို အကြောင်းကြားရန် WA Notifyက အချိန်ဘယ်လောက်ယူရသလဲ။
ကိုဗစ်-19 ရှိသည့် အသုံးပြုသူနှင့် ထိတွေ့မိခဲ့သည့် အသုံးပြုသူများသည် ကိုဗစ်-19 ရောဂါပိုးရှိသူက WA Notifyထဲ ၄င်း၏ အတည်ပြုကုဒ်ကို ထည့်သွင်းပြီးနောက် 24 နာရီအတွင်း အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။
12. WA Notify ထံမှ သတိပေးစာ အကြိမ်ကြိမ် ရခြင်းမျိုး ဖြစ်နိုင်ပါသလား။
ဖြစ်နိုင်ပါသည်။ ထိတွေ့မှု အကြိမ်ကြိမ်ရှိခဲ့သော အသုံးပြုသူများထံသို့ ထိတွေ့အကြိမ်တိုင်းအတွက် အကြောင်းကြားစာများ ပေးပို့ခံရပါလိမ့်မည်။
13. ကျွနု်ပ် တွင် ကိုဗစ် ရောဂါပိုးရှိနေပါက WA Notify ကို ဘယ်လို ပြောရမလဲ။
သင့်တွင် ရောဂါပိုးရှိနေပါက ကျန်းမာရေးဌာနက လူများက သင်ထံသို့လာပြီး WA Notify သုံးမသုံးမေးပါလိမ့်မည်။ သင်သုံးပါက အတည်ပြုကုဒ်တစ်ခုကို ထုတ်ပေးမည်ဖြစ်ပြီး ၄င်းကို သင်က WA Notifyထဲ ရိုက်ထည့်နိုင်လိမ့်မည် ဖြစ်ပါသည်။ ကုဒ်သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် ချိတ်ဆက်မထားပါ။ ကျန်းမာရေး၀န်ထမ်းများအနေဖြင့် သင့်ကုဒ်ကိုရိုက်ထည့်လိုက်လျှင် ထိတွေ့မှုအကြောင်း အက်ပ်စ်က အကြောင်းကြားမည့်သူများအကြောင်းကို ဘယ်လိုမှသိနိုင်လိမ့်မည် မဟုတ်ပါ။ အကြောင်းကြားစာတွင်လည်း သင့်အကြောင်း မည်သည့်အချက်အလက်မျှပါလိမ့်မည် မဟုတ်ပါ။ ကုဒ်များကို မျှသူများလေလေ ကိုဗစ်-19 ကူးစက်မှုကို ပိုမိုကာကွယ်နိုင်လေဖြစ်ပါလိမ့်မည်။
14. WA Notify ကို ကျွနု်ပ်၏ ဖုန်းထဲ ထည့်ပြီးနောက် ကျွနု်ပ်လုပ်ရမည်များ ရှိပါသေးသလား။
ေအာက်ပါအခြေအနေများတွင်သာ ထပ်ဆောင်း လုပ်ဆောင်ချက်များကို ပြုလုပ်ရန် လိုအပ်ပါသည်။
1. သင့်တွင် ကိုဗစ်-19 ရောဂါပိုး စစ်ဆေးတွေ့ရှိချိန် သို့မဟုတ်
2. သင်သည် ထိတွေ့မှုရှိကြောင်း အကြောင်းကြားစာ လက်ခံရရှိချိန်။
သင့်တွင် ရောဂါပိုးရှိနေပါက ကျန်းမာရေးဌာနက လူများက သင်ထံသို့လာပြီး WA Notify သုံးမသုံးမေးပါလိမ့်မည်။ သင်သုံးပါက အတည်ပြုကုဒ်တစ်ခုကို ထုတ်ပေးမည်ဖြစ်ပြီး ၄င်းကို သင်က WA Notifyထဲ ရိုက်ထည့်နိုင်လိမ့်မည် ဖြစ်ပါသည်။ ကုဒ်သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် ချိတ်ဆက်မထားပါ။ ကျန်းမာရေး၀န်ထမ်းများအနေဖြင့် သင့်ကုဒ်ကိုရိုက်ထည့်လိုက်လျှင် ထိတွေ့မှုအကြောင်း အက်ပ်စ်က အကြောင်းကြားမည့်သူများအကြောင်းကို ဘယ်လိုမှသိနိုင်လိမ့်မည် မဟုတ်ပါ။ အကြောင်းကြားစာတွင်လည်း သင့်အကြောင်း မည်သည့်အချက်အလက်မျှပါလိမ့်မည် မဟုတ်ပါ။ ကုဒ်များကို မျှသူများလေလေ ကိုဗစ်-19 ကူးစက်မှုကို ပိုမိုကာကွယ်နိုင်လေဖြစ်ပါလိမ့်မည်။
အကယ်၍ WA Notifyက သင်သည် ထိတွေ့မှုရှိခဲ့ကြောင်း တွေ့ရပါက သင်ဘာဆက်လုပ်ရမလဲဆိုသည့်အကြောင်း အချက်အလက်များပါသည့် ၀က်ဘ်ဆိုက်ဒ်ထဲသို့ လမ်းပြပေးမည့် အကြောင်းကြားစာတစ်စောင် ဖုန်းထဲသို့ရောက်လာပါလိမ့်မည်။ ယင်းတွင် ဘယ်နေရာတွင် ဘယ်လိုစစ်ဆေးခံရမလဲ၊ သင်နှင့် အခြားသူများ ကူးစက်မခံရအောင် ဘယ်လိုနေမလဲ နှင့် အခြားမေးခွန်းများကို ဖြေဆိုရန် အရင်းအမြစ်များ ပါ၀င်ပါလိမ့်မည်။ ၀က်ဘ်ဆိုက်ဒ်ထဲပါသော အကြောင်းအရာ နှင့် လမ်းညွှန်ချက်များကို ဖတ်ရှု့လိုက်နာရန် အရေးကြီးပါသည်။ အကြောင်းကြားစာထဲတွင် သင်ထိတွေ့မိသူ အကြောင်း သို့မဟုတ် ထိတွေ့မိသည့် နေရာအကြောင်း ပါလိမ့်မည် မဟုတ်ပါ။ လုံး၀ အမည်မသိ ဖြစ်ပါသည်။
15. WA Notify က ဘက်ထရီစားလား သို့မဟုတ် အင်တာနက်ဘေလ် အများကြီး ကုန်မလား။
မစားပါ၊ မကုန်ပါ။ သင့် အင်တာနက်ဘေလ် နှင့် ဘက်ထရီ အစားအနည်းဆုံးဖြစ်အောင် Bluetooth Low Energy technology ကို အသုံးပြုပြီး ဒီဇိုင်းရေးဆွဲထားပါသည်။
16. WA Notify အလုပ်လုပ်ရန် ဘလူးတုဒ်ကို ဖွင့်ထားပေးဖို့ လိုပါသလား။
ကြုံတွေ့သည် WA Notifyသည် Bluetooth Low Energy ကို အသုံးပြုထားသဖြင့် အနီးအနားရှိ အခြားအသုံးပြုသူများကို ထောက်လှမ်းရန်အတွက် ဘလူးတုဒ်ကို အမြဲတမ်းဖွင့်ပေးထားရပါမည်။
17. WA Notify ကို အမြဲဖွင့်ထားရန် လိုအပ်ပါသလား။
မလိုအပ်ပါ။ WA Notifyက နောက်ခံထဲတွင် အလုပ်လုပ်နေနိုင်ပါသည်။
18. WA Notifyက မှားယွင်းသော စစ်ဆေးရလဒ်တွေကို ဘယ်လို ကာကွယ်ပေးမလဲ။
ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုရန်အတွက် WA Notify သည် အစိုးရ ကျန်းမာရေး ၀န်ထမ်းများက ထုတ်ပေးသော အတည်ပြုကုဒ်ကို အသုံးပြုရပါမည်။ ကုဒ်သည် လူတစ်ယောက်ယောက်နှင့်မျှ ချိတ်ဆက်မထားပါ။ ကုဒ်ကို ရိုက်ထည့်ပြီးနောက် WA Notify သည် အနီးအနားတွင် ရှိခဲ့ဖူးေသာ အသုံးပြုသူများ၏ ကျပန်းကုဒ်များနှင့် ချိတ်ဆက်ပြီး ၄င်းတို့ထံသို့ ထိတွေ့မှုရှိနိုင်ကြောင်း အကြောင်းကြားပါလိမ့်မည်။ အကြောင်းကြားစာတွင် ဘယ်သူနှင့် ထိတွေ့ခဲ့လဲ ဘယ်နေရာမှာထိတွေ့ခဲ့လဲ စသည့် အချက်အလက်များ ပါ၀င်လိမ့်မည် မဟုတ်ပါ။
19. WA Notify သည် နည်းနည်းပိုဟောင်းနေသော စမတ်ဖုန်းများထဲတွင် အလုပ်လုပ်ပါသလား။
အိုင်ဖုန်း အသုံးပြုသူများအနေဖြင့် အောက်ပါ အော်ပရေးရှင်းစနစ်ရှိပါက WA Notify ကို အသုံးပြုနိုင်ပါသည်။
- အိုင်အိုအက်စ် ဗားရှင်း 13.7 သို့မဟုတ် အသစ်ဗားရှင်းများ (အိုင်ဖုန်း 6s၊ 6s Plus၊ SE သို့မဟုတ် ဖုန်းအသစ်များ)
- အိုင်အိုအက်စ် ဗားရှင်း 12.5 (အိုင်ဖုန်း 6၊ 6 Plus၊ 5s)
Android အသုံးပြုသူများအနေဖြင့် Bluetooth Low Energy ကို သုံးလို့ရပြီး Android ဗားရှင်း 6 (API 23) သို့မဟုတ် ယင်းထက်မြင့်သော ဗားရှင်းရှိသည့် Android စမတ်ဖုန်းများတွင် WA Notifyကို အသုံးပြုနိုင်ပါသည်။
20. WA Notifyကို အသုံးပြုရန် အသက် 18 နှစ်ပြည့်ပြီးဖြစ်ဖို့ လိုပါသလား။
မလိုပါ။ WA Notifyက သင့်အသက်ကို မသိပါ သို့မဟုတ် မစစ်ဆေးပါ။
21. ကျွနု်ပ်သည် အခြားသူတစ်ယောက်နှင့် ဖုန်းတစ်လုံးထဲပေါင်းသုံးနေပါက ဤနည်းပညာက အလုပ်ဖြစ်ပါ့မလား။
WA Notifyက ထိတွေ့မှုရှိနိုင်သည့် အခြေအနေတွင် မည်သူက ဖုန်းကို အသုံးပြုနေကြောင်း မခွဲခြားပေးနိုင်ပါ။ အကယ်၍ ဖုန်းကိုမျှသုံးနေပါပြီး ကိုဗစ်-19 ထိတွေ့မှုရှိနိုင်ကြောင်း WA Notify က ဖော်ပြနေပါက ဖုန်းကို အသုံးပြုသူအားလုံးသည် ကျန်းမာရေး ၀န်ထမ်းများ၏ လမ်းညွှန်မှုကို လိုက်နာရန်လိုအပ်ပါသည်။
22. WA Notifyသည် iPads သို့မဟုတ် စမတ်နာရီ များထဲတွင် အလုပ်လုပ်ပါသလား။
မလုပ်ပါ။ ထိတွေ့မှု အကြောင်းကြားစာ မှုဘောင်သည် စမတ်ဖုန်းများအတွက်သာ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး iPads သို့မဟုတ် တက်ဘလက်များပေါ်တွင် အလုပ်မလုပ်ပါ။
23. ၀ါရှင်တန် က ဘာကြောင့် ဤနည်းလမ်းကို ရွေးချယ်ရသလဲ။
၀ါရှင်တန်သည် လုံခြုံရေး နှင့် မြို့ပြလွတ်လပ်ခွင့် ကျွမ်းကျင်သူများ၊ အသိုင်းအ၀ိုင်းမျိုးစုံမှ အဖွဲ့၀င်များ ပါ၀င်သည့် ပြည်နယ်လေ့လာရေး အုပ်စုကို ဖွဲ့စည်းပြီး Apple/Google ဖြေရှင်းနည်းလမ်းကို လေ့လာခဲ့ပါသည်။ ထိုအုပ်စုက နည်းလမ်း၏ ယုံကြည်စိတ်ချရမှု၊ အကောင်းမွန်ဆုံး အချက်အလက် အကာအကွယ်ပေးနိုင်စွမ်း နှင့် အခြားပြည်နယ်များတွင် အသုံးပြုနိုင်မှုတို့အပေါ် အခြေခံပြီး အသုံးပြုရန် တိုက်တွန်းအကြံပေးထားပါသည်။
24. စမတ်ဖုန်းမရှိသောသူများ ဤနည်းပညာကို လက်လှမ်းမီစေရန်အတွက် ၀ါရှင်တန်ပြည်နယ် အနေဖြင့် ဘာတွေကို လုပ်ဆောင်နေပါသလဲ။
WA Notifyသည် ကိုဗစ်-19 ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်ရာတွင် ကူညီနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။ စမတ်ဖုန်းမရှိလည်းဘဲ ထိတွေ့မိမှုကို ခြေရာခံလိုက်ခြင်း နှင့် အခြား ကြိုးပမ်းအားထုတ်မှုများသည် ၀ါရှင်တန်ပြည်နယ်နေ ပြည်သူများအတွက် အကျိုးရှိစေပါသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ခြင်း၊ လူလူချင်း ခပ်ခွာခွာနေခြင်း နှင့် လူနည်းနည်းသာစုနေခြင်းတို့ သည် ကိုဗစ်-19 ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်စေမည့် နည်းလမ်းများပင်ဖြစ်ပါသည်။
25. ကျွန်ုပ်သည် ပြည်သူ့ကျန်းမာရေးသို့ ကျွန်ုပ်၏ WA Nofity အချက်အလက် ကို ထည့်၀င်ခြင်းနှင့်ပက်သက်ပြီး အကြောင်းကြားစာတစ်စောင် ရရှိခဲ့ပါသည်။ ဘာကြောင့်လဲ။
Washington State Department of Health (DOH ၀ါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန) သည် ပိုမိုကောင်းမွန်အောင် မွမ်းမံမှုများ ပြုလုပ်နိုင်ရန် WA Notify အလုပ်ကောင်းကောင်းဘယ်လောက်လုပ်လဲ သိလိုပါသည်။ သင့် WA Notify အချက်အလက်ကို မျှရန် သဘောတူလျှင်လည်း သင်၏ ကိုယ်ရေးကိုယ်တာများကို အပြည့်အ၀ ကာကွယ်ပေးထားမည် ဖြစ်ပါသည်။ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ကောက်ခံထားခြင်း သို့မဟုတ် မျှခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ သင်ဘယ်သူဘယ်၀ါဖြစ်ကြောင်းလဲ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။ ဒီအိုအိတ်ချ်ကသာ ၄င်းအချက်အလက်များကို အသုံးပြုနိုင်မည် ဖြစ်ပြီး ပြည်နယ်အဆင့်ကသာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
26. WA Notify အသုံးပြုသူများက ၄င်းတို့၏ အချက်အလက်များကို မျှရန် သဘောတူညီပါက မည်သည့်အချက်အလက်များကို စုဆောင်းမည်နည်း။
သင့်အချက်အလက်များကို မျှရန် သဘောတူလျှင်လည်း သင်၏ ကိုယ်ရေးကိုယ်တာများကို အပြည့်အ၀ ကာကွယ်ပေးထားမည် ဖြစ်ပါသည်။ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ကောက်ခံထားခြင်း သို့မဟုတ် မျှခြင်း ပြုလုပ်မည်မဟုတ်သဖြင့် သင်ဘယ်သူဘယ်၀ါဖြစ်ကြောင်းလဲ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။ Washington State Department of Health (၀ါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန) ကသာ အောက်ပါတို့ပါ၀င်သည့် ၄င်း ပြည်နယ်-အဆင့် အချက်အလက်များကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
- WA Notify မှ ၄င်းတို့၏ အချက်အလက်ကို မျှရန်သဘောတူညီသည့် လူအရေအတွက်။ ၄င်းက ကျွန်ုပ်တို့၏ နမူန သည် ဘယ်လောက်အခြေအနေကို ကိုယ်စားပြုသလဲ သိနိုင်စေမည် ဖြစ်ပါသည်။
- WA Notify အသုံးပြုသူများ လက်ခံရရှိသော ထိတွေ့မှု အကြောင်းကြားစာ အရေအတွက်။ ၄င်းက ကိုဗစ်-19 ၏ ပျံ့နှံ့မှုအလားအလာကို သိနိုင်စေမည် ဖြစ်ပါသည်။
- ထိတွေ့မှု အကြောင်းကြားစာ ပေါ်တွင် ကလစ်လုပ်သည့် လူအရေအတွက်။ ၄င်းက လူဘယ်လောက်က ပြည်သူ့ကျန်းမာရေး တိုက်တွန်းချက်များကို ထည့်သွင်းစဥ်းစားရန် စိတ်အားထက်သန်သလဲ သိနိုင်စေမည် ဖြစ်ပါသည်။
- ကိုဗစ်-19 ရောဂါပိုးတွေ့ရှိသူဘေးနားတွင် ရှိနေပြီး ထိတွေ့မိကြောင်း အကြောင်းကြားခံရရန် အနီးကပ်မှု သို့မဟုတ် ကြာချိန်မလုံလောက်သည့် လူအရေအတွက်။ ၄င်းက WA Notify တွင်ထည့်ထားသော ထိတွေ့မှုတစ်ခုကို ဆုံးဖြတ်ပေးသည့် တွက်နည်းကို ချိန်ညှိရန်လိုမလို စဥ်းစားရာတွင် ကူညီပေးနိုင်ပါသည်။
27. ကျွန်ုပ်၏ အိုင်ဖုန်းထဲတွင် WA Notify ကို ဖွင့်လိုက်ချိန်တွင် “ရှိနိုင်သောသတိပေးမှုများ” ကို ဖွင့်ထားရမလား ပိတ်ထားရမလာ။
ပိတ်ထားလဲရပါသည် သို့သော် သင်သည် ၀ါရှင်တန်ပြည်နယ်ပြင်ပသို့ အချိန်အတိုင်းအတာ တစ်ခုအထိ ခရီးသွားရလျှင် ဖွင့်ထားရန် တိုက်တွန်းအပ်ပါသည်။ ရှိနိုင်သောသတိပေးမှုများ ကို ဖွင့်ထားလျှင် WA Notify မဟုတ်သော အခြား ထိတွေ့မှုအကြောင်းကြားစာ နည်းပညာရှိသော နေရာတစ်ခုသို့သွားလျှင်လည်း အကြောင်းကြားစာကို လက်ခံရရှိနိုင်စေမည် ဖြစ်ပါသည်။ အိုင်ဖုန်းအသုံးပြုသူများသည် နယ်မြေများစွာကိုထည့်သွင်းနိုင်သော်လည်း တစ်ကြိမ်တွင် နယ်မြေတစ်ခုတွင်သာ အသုံးပြုနေကြောင်း သတ်မှတ်ထားနိုင်မည် ဖြစ်ပါသည်။ နယ်မြေအသစ်တစ်ခုကို အသက်သွင်းရန်အတွက် နယ်မြေတစ်ခုကို ဖယ်ရှားပစ်ရန် မလိုအပ်ပါ။ အန်းဒရွိုက်အသုံးပြုသူများအနေဖြင့် ပြည်နယ်အမြောက်အများတွင် WA Notify ကဲ့သို့သော ထိတွေ့မိမှုအကြောင်းကြားစာ အက်ပ်စ်များကို ထည့်သွင်းထားနိုင်သော်လည်း တစ်ကြိမ်တွင် WA Notify နှင့် ကိုက်ညီသော နည်းပညာကို အသုံးပြုထားသည့် အက်ပ်စ်တစ်ခုသာ အသက်၀င်နေလိမ့်မည် ဖြစ်ပါသည်။
28. WA Notify သည် ဘာလို့ ဘက်ထရီစားသည့် ပုံစံပေါက်နေပါသနည်း။
တကယ်တော့ ၄င်းသည် ဘက်ထရီမစားပါ။ သင့်ဖုန်းပေါ်ရှိ ဘက်ထရီအသုံးပြုခြင်း တွင် WA Notify ကဲ့သို့သော အက်ပ်စ်များ နေ့စဥ်အသုံးပြုသည့် ဘက်ထရီပမာဏကို ဖော်ပြထားပါသည်။ အက်ပ်စ်အများစုသည် ညဘက်တွင် အလုပ်မလုပ်ကြပါ။ WA Notify သည်လည်း အလုပ်မလုပ်ပါ သို့သော် သင့်အား ထိတွေ့မိမှုရှိပါက သတိပေးနိုင်စေရန် ရောဂါပိုးရှိသောသူများနှင့် တိုက်စစ်ရန်အတွက် ၄င်းက နာရီအနည်းငယ်ကြာလျှင်တစ်ကြိမ် ကျပန်းကုဒ်များကို စစ်ဆေးပါသည်။ ထို့ကြောင့် ဥပမာ သင်အိပ်နေသော ညဘက်တွင် အခြားအက်ပ်စ်များ အလုပ်မလုပ်ချိန်တွင် WA Notify က ၄င်းအချိန်တွင် ပိုများသော အသုံးပြုထား ဘက်ထရီရာခိုင်နှုန်းကို ကိုယ်စားပြုပြနေခြင်း ဖြစ်ပါသည်။ ယင်းသို့ဖြစ်နေခြင်းက WA Notify သည် ဘက်ထရီအလွန်စားသည်ဟု မဆိုလိုပါ - ဘက်ထရီ ပမာဏ အနည်းငယ်၏ ပိုများသော ရာခိုင်နှုန်းကို အသုံးပြုထားသည်ဟုသာ ဆိုလိုပါသည်။
29. အန်းဒရွိုက်ဖုန်းများအတွက် WA Notify အက်ပ်စ် အတွက် နည်းပညာအထောက်ပံ့များကို ရယူနိုင်ပါသလား။
လိုအပ်ပါသည်။ စက်ပစ္စည်းချို့ယွင်းမှုများရှိနေသည့်သူများ အကြံဥာဏ် သို့မဟုတ် အခြားလမ်းညွှန်ချက်များ တောင်းခံနိုင်ရန် ဂူဂဲလ်က အီးမေးလ်တစ်ခုကို ဖွင့်ထားပါသည်။ အီးမေးလ် exposure-notifications-api-support@google.com
30. ၀ါရှင်တန်က WA Notify ကို ဘာသာစကား 29 ခုဖြင့် ထုတ်လွှင့်ထားသော်လည်း အဘယ့်ကြောင့် ဂူဂဲလ် ပလေးစတိုးတွင် အင်္ဂလိပ် နှင့် စပိန်ဘာသာစကားတို့ဖြင့်သာ တွေ့နေရပါသလဲ။
WA Notify သည် အသုံးပြုသူတစ်ယောက်၏ ဖုန်းတွင် အဓိကသုံးအဖြစ်သတ်မှတ်ထားသော ဘာသာစကားပေါ်တွင် အခြေခံပြီး အလုပ်လုပ်ပါသည်။ ထို့ကြောင့် WA Notify တွင် ဗားရှင်းတစ်ခုထဲသာရှိခြင်းဖြစ်ပြီး ထုတ်ပြသည့်စာသားများ - ထိတွေ့မိမှုအကြောင်းကြားစာ၊ ဥပမာ - သည် ၀ါရှင်တန်က ထည့်သွင်းထားသည့် ဘာသာစကား 29 ခုထဲမှ အသုံးပြုသူ၏ ပိုလိုလားသော ဘာသာစကား ဖြင့်ဖော်ပြလိမ့်မည် ဖြစ်ပါသည်။
လက်ရှိနောက်ဆုံးရအချက်အလက်များ
ဇွန်လ 26 ရက်နေ့၊ 2020 ခုနစ်မှစ၍ ၀ါရှင်တန်ပြည်နယ်၌ ရှိသောသူများအားလုံးသည် လူထုနေရာများ ၏ အတွင်းထဲ၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ နှာခေါင်းစည်းများကို တပ်ဆင်ရန်လိုအပ်မည်ဖြစ်ပြီး တခြား သူများနှင့် 6 ပေ (2 မီတာ) အတွင်းနေထိုင်ခွင့် မရှိပါ။ တချို့သော သူများအနေဖြင့် နှာခေါင်းစည်းတပ်ရန် မိမိ၏ကျန်းမာရေးအခြေအနေအရ အဆင်မပြေသော်လည်း မိမိ၏တို့၏ ကျန်းမာရေးအခြေအနေအတွက် အထောက်အထားပြရန်မလိုပါ။ အလုပ်ရှင်များအနေဖြင့် တစ်ဦး တည်းသာ လုပ်ဆောင်ရသည့်သူများအတွက်မှလွဲ၍ ကျန်သည့် ၀န်ထမ်းများကို နှာခေါင်းစည်း နှင့် မျက်နှာဖုံးများကို ထောက်ပံ့ပေးသင့်သည်။
မေလ 31 ရက်နေ့ တွင် မြို့တော်၀န် Inslee သည် ၀န်ဆောင်မှုရပ်ဆိုင်းထားမှုများ နှင့် စွမ်းအင်၊ ကြိုးဖုန်းလိုင်း နှင့် ရေသုံးစွဲခများနှင့် နောက်ကျကြေးများကို ဇူလိုင် 28 ရက်နေ့အထိ တိုးမြှင့်ထား ပါသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် မိမိတို့၏ သုံးစွဲခများအတွက် အကူအညီရရှိနိုင်ရန် မိမိတို့၏ သက်ဆိုင်ရာ လျှပ်စစ်မီး၊ ရေ၊ လျှပ်စစ် ဓာတ်အား၀န်ဆောင်မှုစသည့် ကုမ္ပဏီများကို ဆက်သွယ်သင့်ရန် တိုက်တွန်းထားပါသည်။
အိမ်မှနှင်ထုတ်ခြင်းများအစီအစဥ်များ ရပ်ဆိုင်းထားခြင်းကိုလည်း မြို့တော််၀န်မှ သြဂုတ် 1 ရက်နေ့အထိ တိုးမြှင့်ထားပါသည်။ သင်၏ မြေရှင် သို့မဟုတ် မြေရာဆိုင်ရာမန်နေဂျာမှ ရပ်ဆိုင်းထားခြင်းကို ထုတ် ပြန်ချက်ကို မလိုက်နာပါက ပြည်နယ် Attorney General's ရုံး သို့ (833) 660-4877 နှိပ်၍ ခေါ်ဆိုပြီး ရွေးချယ်စရာ 1 ကိုရွေးပါ။ သက်ဆိုင်ရာ၀န်ထမ်းမှ ပြန်လည်ခေါ်ဆိုပါလိမ့်မည်။
COVID-19 ဆိုသည်မှာ အဘယ်နည်း
COVID-19 ဆိုသည်မှာ အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သည့် ဖျားနာမှုတစ်ခုဖြစ်ပါသည်။ ချောင်းဆိုး နှာချေခြင်း၊ အခြားသူများနှင့် နီးကပ်စွာထိတွေ့မှုရှိခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းအပါအ၀င် အစား အသောက်များကို မျှဝေခြင်းစားသုံးခြင်းမှ ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများမှာ အဘယ်နည်း
COVID-19 ၏အဓိက ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း သို့မဟုတ် အောက်ပါရောဂါလက္ခဏာများထဲမှ အနည်းဆုံး နှစ်ခုပါ၀င်ခြင်း- အဖျားရှိခြင်း၊ ချမ်းတုံ့နေခြင်း၊ မကြာခဏချမ်းတုံ့နေခြင်း၊ ကြွက်သားများနာခြင်း၊ လည်ပင်းနာခြင်း၊ ခံတွင်းပျက်ခြင်း သို့မဟုတ် အနံ့ခံနိုင်စွမ်းမရှိခြင်း တို့ဖြစ်ပါသည်။
မည်သို့သောသူများတွင် ပို၍အန္တရာယ်များသနည်း
အသက်အရွယ်ကြီးရင့်သောသူများ၊ တခြားသောကျန်းမာရေးပြဿနာရှိသောသူများ နှင့် ကိုယ်၀န်သည်များတွင် ပြင်းထန်သည့် COVID-19 ရောဂါကူးစက်ခံရနိုင်စွမ်းပို၍ များပါသည်။
သင် နှင့် သင်၏ပတ်၀န်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ-
- ဖျားနာနေလျှင် တတ်နိုင်သမျှ အိမ်၌သာနေပါ။
- လူထုရှိရာနေရာတွင် ပိတ်စနှာချောင်းစည်းများကို သုံးပါ။
- အခြားသူများနှင့် 6 ပေ (2 မီတာ) အကွာအဝေးတွင် နေပါ။
- သင်၏ လက်ကို မကြာခဏဆေးခြင်း သို့မဟုတ် လက်သန့်ဆေးရည်ကို မကြာခဏသုံးပါ။
- ချောင်းဆိုးနှာချေလျှင် အုပ်ထားပါ။
- မျက်နှာကို မကိုင်ပါနှင့်။
- သင့် အိမ်ရှိ မျက်နှာပြင်များကို သန့်စင်ပါ။
- COVID-19 ရောဂါလက္ခဏာများရှိနေလျှင် သင်၏ ကျန်းမာရေး၀န်ထမ်းကို ဆက်သွယ်၍ စမ်း သပ်စစ်ဆေးရန် တောင်းဆိုပါ။ အကယ်၍ သင့်တွင် ကျန်းမာရေး၀န်ထမ်းမရှိပါက နီးစပ်ရာ ဆေးခန်းသို့ ဆက်သွယ်ပါ။ အကယ်၍ သင့်တွင် အာမခံမရှိပါက သင်၏ ဒေသရှိ ကျန်း မာရေးငှာနသို့ ဆက်သွယ်ပါ။
COVID-19 နှင့် ကျန်းမာစွာနေထိုင်ခြင်းနှင့် ပတ်သက်သည့် ထပ်ဆင့်အချက်အလက် နှင့် ရင်းမြစ်များ-
၀ါရှင်တန်ကို ပြန်လည်ဖွင့်လှစ်ခြင်း- Safe Start Plan
COVID-19 ပျံ့နှံ့မှုကို ကာကွယ်ရန် အတွက် မြို့တော်၀န် Inslee မှ ၀ါရှင်တန်ပြည်သူပြည်သားများအား အိမ်၌သာ အတတ်နိုင်ဆုံးနေထိုင်ရန် ညွှန်ကြားတောင်းဆိုထားပါသည်။ စီးပွားရေးလုပ်ငန်းများ နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အဆင့်လေးဆင့် ရှိပါသည်။ ကောင်တီတိုင်းသည် အဆင့်လေးဆင့်ကို လိုက်နာ၍ လုပ်ဆောင်သွားရမည် ဖြစ်သည်။
လုပ်ဆောင်ရန်ခွင့်ပြုထားသည့် အဓိကဆောင်ရွက်ချက်များမှာ-
- မဖြစ်မနေလုပ်ဆောင်ရန်လိုသည့်အရာများဖြစ်သည့် စျေးဝယ်ခြင်း၊ ဓာတ်ဆီဖြည့်ခြင်း၊ ဆေးဝယ်ခြင်း နှင့် ဆေးကုသရန် ချိန်းဆိုမှုများသို့ သွားခြင်းတို့ ဖြစ်သည်။
- မဖြစ်မနေဖွင့်ရန် လိုသည့် စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်ခြင်း သို့မဟုတ် မြို့တော်၀န်၏ Safe Start အစီအစဥ်အောက်တွင် ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။
- နီးစပ်ရာစားသောက်ဆိုင်မှ အစားအသောက်များကို ပါဆယ်ယူခြင်း အဆင့် 2 တွင် စားသော က်ဆိုင်များအတွင်း အကန့်အသတ်ဖြင့် ထိုင်၍စားသောက်ခွင့်ပြုထားပါသည်။
- ခြောက်ပေ (2 မီတာ) အတွင်း ခပ်ခွာခွာနေခြင်းကို ကျင့်သုံးပါက အပြင်ထွက်လမ်းလျှောက်ခြင်း နှင့် အားကစားလုပ်ခြင်းများကို ခွင့်ပြုထားပါသည်။ သင်၏ ပတ်၀န်းကျင်ပြင်ပတွင် COVID-19 ပျံ့နှံ့မှုကို ရှောင်ကြဥ်ရန်အတွက် သင်၏အိမ်နှင့် နီးသောဧရိယာများတွင်သာ အပန်းဖြေခြင်းများ ကို လုပ်ဆောင်ပါ။
- ပြည်နယ်ပန်းခြံများသို့ နေ့ချင်းသွားရောက်လည်ပတ်ခြင်း နှင့် လူထုနေရာများတွင် ငါးမျှားခြင်း၊ အမဲလိုက်ခြင်း နှင့် အခြားသော အပန်းဖြေရန်ရယ်ရွယ်ချက်များ အဆင့် 2 ရှိသော ကောင်တီ များရှိ ပြည်နယ်ပန်းခြံအတွင်း တဲထိုးစခန်းချခြင်းများကို ခွင့်ပြုထားပါသည်။
အလုပ်အကိုင်များ နှင့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဥ်းသည့် ရင်း မြစ်များ
အလုပ်လက်မဲ့ ခံစားခွင့်များ
အလုပ်ပြုတ်သွားပါက အလုပ်လက်မဲ့ခံစားခွင့်များအတွက် သင်အရည်အချင်းပြည့်မီနိုင်ပါသည်။ သို့ ဖုန်းခေါ်ဆိုပါ။ အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားခြင်း နှင့် စပ်လျဥ်းသည့် ဖြည့်စွက်ရမည့်အရာများ အတွက် အချက်အလက်များလိုအပ်ပါက 1-800-318-6022 သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတ စ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။
၀န်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျွန်ုပ်တို့၏ ပြည်နယ်တွင် ရှိသော ထောင်သောင်းချီသော ၀န်ထမ်းများ နှင့် လုပ်ငန်းရှင်များကို အပေါ်တွင် ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။
၀န်ထမ်းများအား လုံခြုံမှုပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များမှ လုပ်ဆောင်ရန်လိုသည့် အရာများ-
- COVID-19 ရောဂါလက္ခဏာများ နှင့် ရှေ့ပြေးနိမိတ်များနှင့် စပ်လျဥ်း၍ သူတို့၏ ၀န်ထမ်းများနားလည်နိုင်သည့် ဘာသာစကားဖြင့် ပညာပေးပါ။
- ခပ်ခွာခွာနေရန်အတွက် အစီအစဥ်ကို လုပ်ဆောင်ပါ။
- မကြာခဏသန့်စင်ခြင်း နှင့် ပိုးသတ်ခြင်းများကို လုပ်ဆောင်ပါ။
- သင့်တော်သည့် လက်ဆေးခြင်းများကို မကြာခဏ လုပ်ဆောင်ပါ။
- ဖျားနာနေသည့် ၀န်ထမ်းများအနေဖြင့် အိမ်၌သာနေကြောင်း သေချာစေပါ။
သင်၏ အလုပ်ခွင်လုံခြုံရေး နှင့်ပတ်သက်၍ စိုးရိမ်ပါက Department of Labor & Industries သို့ 800-423-7233 ကိုနှိပ်၍ ဆက်သွယ်ပြီး ကွန်ပလိန်း တင်နိုင်ပါသည်။ ဖုန်းစကားပြန်၀န်ဆောင်မှုများ လည်း ရရှိနိုင်ပါသည်။
COVID-19 ကာလတွင် သင်၏ လုပ်ငန်း နှင့် ၀န်ထမ်းများ နှင့် စပ်လျဥ်း၍ မေးမြန်းစရာများရှိပါက 855-829-9243 ကို နှိပ်၍ Employment Security Department သို့ ဆက်သွယ်နိုင်ပါသည်။
ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကျန်းမာရေးအာမခံဆိုင်ရာ ရင်းမြစ်များ
အခမဲ့ ကျန်းမာရေးအာမခံ သို့မဟုတ် တန်ဖိုးနည်း ကျန်းမာရေးအာမခံများအတွက် သင်အရည် အချင်းပြည့်မီနိုင်ပါသည်။ 1-855-923-4633 ကို နှိပ်၍ Health Care Authority သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။
Alien Emergency Medical (AEM) အကျုံး၀င်မှုသည် အရေးပေါ်ကုသမှုခံယူရန် အတွက်အရည်အချင်းမပြည့်မီသူများ နှင့် နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုချက်များကိုမပြည့်မီသူများ သို့မဟုတ် 5-နှစ်ဘား အစီအစဥ်တွင်မပါ၀င်သည့် အရည်အချင်းပြည့်မီသူများအတွက် စီစဥ်ပေးထားသည့် အစီအစဥ်တစ်ရပ်ဖြစ်ပါသည်။
Help Me Grow ၀ါရှင်တန်၏ ဟော့လိုင်းနံပါတ် 1-800-322-2588 သို့ဆက်သွယ်ပါက သင်အရည်အချင်း ပြည့်မီနိုင်သည့် ခြားနားသောကျန်းမာရေးအစီအစဥ်များနှင့် ၀န်ဆောင်မှုများကို ဖော်ပြပေး၍လျှော က်ထားရန် ကူညီနိုင်ပါသည်။ ယင်းတွင်-
- WIC (အမျိုးသမီးများ၊ မွေးကင်းစကလေးငယ်များ နှင့် ကလေးငယ်များအတွက် အာ ဟာရအစီအစဥ်)
- ကလေးငယ်များ၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ နှင့် အရွယ်ရောက်ပြီးသည့် လူကြီးများအတွက် ကျန်းမာရေးအာမခံ
- Take Charge အစီအစဥ်မှတစ်ဆင့် သားဆက်ခြားခြင်း
- ကျန်းမာရေး နှင့် မိသားစုအစီအစဥ် ဆေးခန်းများ
- ကိုယ်၀န်ဆောင်ခြင်း နှင့် ကလေးငယ်များအတွက် ပံ့ပိုးမှုများ
- နို့ချိုတိုက်ကျွေးခြင်း အထောက်အပံ့
- အစားအသောက် အစီအစဥ်များ နှင့် ရင်းမြစ်များလည်း ရှိပါသည်။
လူ၀င်မှုကြီးကြပ်ရေး နှင့် ဒုက္ခသည်ဆိုင်ရာ အချက်အလက်
Office of Immigrant and Refugee Affairs (OIRA) အနေဖြင့် COVID-19 နှင့် စပ်လျဥ်းသည့် အရေးကြီးအချက်အလက်များ နှင့် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်မှုများကိုလူထုအခွင့်အရေး တစ်ရပ်အရ အခြေစိုက်ရွှေ့ပြောင်းလာသူများ နားလည်စေရန် ကူညီပေးပါသည်။ သိရှိထားရန် လိုအပ်သည့် တခြားသော အရေးကြီးသည့်အချက်အလက်များ
- ဆေးရုံများ နှင့် ဆေးခန်းများအနေဖြင့် နိုင်ငံသားဖြစ်မှု သို့မဟုတ် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များကို ICE နှင့် မျှဝေခွင့် မရှိပါ။
- COVID-19 အတွက် ဆေးစစ်ခြင်း နှင့် ထောက်ပံ့ကြေး သို့မဟုတ် ဆေး၀ါးကုသမှုစရိတ် လျှော့ချပေးခြင်းများ ရယူခြင်းသည် အစိမ်းရောင်ကဒ် သို့မဟုတ် နိုင်ငံခြားဖြစ်ရန် လျှောက်ထားမှုအတွက် အကျိုးသက်ရောက်မှုမရှိပါ။
- အလုပ်လက်မဲ့ ခံစားခွင့်များလျှောက်ထားရန်အတွက် လူမှုလုံခြုံရေးနံပါတ် မလိုအပ်ပါ။ ပါသည်။ အလုပ်လက်မဲ့ ခံစားခွင့်များကို လျှောက်ထားခြင်း နှင့် ပတ်သက်၍ တစ်စုံတ စ်ယောက်ကို ပြောဆိုလိုပါက 1-800-318-6022 သို့ဖုန်းခေါ်နိုင်ပါသည်။
- အလုပ်လက်မဲ့ ခံစားခွင့်များကို လျှောက်ထားခြင်းက အစိမ်းရောင်ကဒ်လျှောက်ထားရန် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန်အတွက် လူထုအခွင့်အရေးဆိုင်ရာ စည်းမျဥ်း များအောက်တွင် အကျိုးသက်ရောက်မှု မရှိစေပါ။
- COVID-19 ကြောင့် ဖျားနာနေသည့်သူတစ်ဦးဦးကို ပြုစုရန် သို့မဟုတ် ရောဂါပိုးကြောင့် မိမိကိုယ်တိုင်ခံစားနေရလျှင် ၀ါရှင်တန်ပြည်နယ်၏ မိသားစု နှင့် ဆေး၀ါးကုသမှုခွင့်ကို လျှောက်ရန် အရည်အချင်းပြည့်မီနိုင်ပါသည်။ ဤခံစားခွင့်အတွက် လူမှုလုံခြုံရေးနံပါတ် မလိုအပ်ပါ။ ESD အနေဖြင့် အခြားသော စာရွက်စာတမ်းများကို လက်ခံပါသည်။
- အကယ်၍ သင်သည် ဖယ်ဒရယ် Small Business Administration သဘာ၀ဘေးဆိုင်ရာ ချေးငွေတောင်းရမ်းမှုကို လျှောက်ထားရန်အတွက်အကူအညီလိုသည့် စီးပွားရေးလုပ်ငန်း ရှင်ဖြစ်ပါကလည်း ယင်းက အစိမ်းရောက်ကဒ်ကို လျှောက်ထားရန် သို့မဟုတ် နိုင်ငံသား ဖြစ်ခွင့်ကို လျှောက်ထားရန်အတွက် လူထုအခွင့်အရေး၏ စည်းမျဥ်းများအရ အကျိုးသက်ရောက်မှုမရှိပါ။
လူထုအခွင့်အရေးမှ အထူးညွှန်ကြားချက်-မိသားစုများအနေဖြင့် မိမိတို့အရည်အချင်းပြည့်မီသော သက်ဆိုင်ရာ၀န်ဆောင်မှုများကိုသာ ဆက်လက်၍ အသုံးပြုရန် တရားရုံးချုပ်ရှေ့နေအတော်များများမှ တိုက်တွန်းထားပါသည်။ သို့သော်လည်း၊ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေများသည် မတူညီနိုင်ပါ။ နှင့် ဆက်သွယ်ပြောဆိုသင့်သည်။ Office of Immigrant and Refugee Affairs (OIRA) အနေဖြင့် သင်သည် မိမိကိုယ်တိုင်၏ အခြေအနေ သို့မဟုတ် မိသားစုတစ်စုံတစ်ယောက်၏ အခြေအနေ နှင့် ရနိုင်သည့် အခွင့်အရေးများကို မသေမချာဖြစ်နေပါက လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေ သို့မဟုတ် Department of Justice (DOJ) accredited မှ ကိုယ်စားလှယ်တစ်ယောက်ယောက် နှင့် ဆက်သွယ်ပြောဆိုသင့်သည်။ သင်အနေဖြင့် American Immigration Lawyers Association မှတစ်ဆင့် ရှေ့နေကို ရှာဖွေ တွေ့ ရှိနိုင်ပါသည်။ သို့မဟုတ် DOJ-accredited အဖွဲ့အစည်း၀က်ဘ်ဆိုက်သို့ ၀င်ရောက်လည်ပတ်နိုင်ပါသည်။
OIRA အနေဖြင့် ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလာသူများကို ကူညီရန် အစီအစဥ်များရှိပါသည်-
- အလုပ်ရှာဖွေပေးခြင်း နှင့် လေ့ကျင့်ပေးခြင်း
- လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အပံ့
- လူငယ်များအားဖြင့် သင်တန်းပေးခြင်း
- သက်ကြီးဒုက္ခသည်များ၊ ကလေးသူငယ်များ၊ ကျောင်းသားများ နှင့် တခြားသူများအတွက် အထောက်အပံ့
- COVID-19 ကာလတွင် ပုံမှန်အစီအစဥ်များကို အဝေးထိန်းစနစ်ဖြင့်သာလျှင် ဖွင့်လှစ်ထား ပါသည်။ ရုံးအနေဖြင့် သင့်ကို အလုပ်ကူလျှောက်ပေးရန် သို့မဟုတ် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ပေးရန်၊ သင်၏ ပညာရေးကို ထောက်ပံ့ပေးရန် နှင့် သင်၏ အိမ်ရာနှင့် ပတ်သက်သည့် ၀န်ဆောင်မှုအသစ်များ ရှိပါသည်။ ဒုက္ခသည်များကို ငွေကြေးထောက်ပံ့ပေးမှု နှင့် ဒုက္ခသည်များ အတွက် ဆေး၀ါးကုသမှုအထောက်အကူအတွက် အရည်အချင်းပြည့်မီခြင်းများကို စက်တင်ဘာလ 30 ရက်၊ 2020 အထိတိုးမြှင့်ထားပါသည်။
- ၀န်ဆောင်မှုများ နှင့် ထပ်ဆင့်အချက်အလက်များအတွက် 360-890-0691 သို့ ဖုန်းခေါ်ဆိုပါ။
ရွှေ့ပြောင်းလာသူများအတွက် အခွင့်အရေးများ နှင့် စပ်လျဥ်း၍လည်း ထိန်းသိမ်းခံထားရသည့် မိမိ၏ ဆွေမျိုး၊ မိတ်ဆွေများအတွက် ကူညီထောက်ပံ့ပေးခြင်း နှင့် တခြားဆက်နွယ်သော အချက်အလ က်များအတွက် Washington Immigrant Solidarity Network ဟော့လိုင်း 1-844-724-3737 သို့ဆက် သွယ်ပါ။ ဖုန်းစကားပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။
စိတ်ကျန်းမာရေး နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာရေး
ဤအချိန်သည် အင်မတန်ဖိစီးမှုများသည့် အချိန်အခါဖြစ်ပါသည်။ သင်ကိုယ်တိုင် နှင့် သင်၏ချ စ်ရသူများအားလုံး စိုးရိမ်ကြောင့်ကျခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ ခြင်း သို့မဟုတ် ဒေါသထွ က်ခြင်းများ ခံစားရပါက ယင်းကပုံမှန်ဖြစ်ပါသည်။ သင်သည် တစ်ဦးတည်းမဟုတ်ပါ။ လိုအပ်သည့် အကူအညီတောင်းခံခြင်းများ လုပ်ဆောင်နိုင်ပါသည်။
ဖိစီးမှုနှင့် ခက်ခဲသည့် အခြေအနေများကို တုံ့ပြန်ပုံသည့် တစ်ယောက် နှင့် တစ်ယောက်မတူညီပါ။ မိမိလုပ်ဆောင်နိုင်သည့် အရေးအကြီးဆုံးအရာမှာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်း၊ မိမိ၏မိသားစုကို ဂရုစိုက်ခြင်း နှင့် သင်၏ ပတ်၀န်းကျင်ကို အကောင်းဆုံး ဂရုစိုက်ခြင်းသာလျှင် ဖြစ်ပါသည်။
ယခုလိုခက်ခဲလှတဲ့အချိန်မျိုးကို ကျော်လွှားဖြေရှင်းဖို့ ဘာကသင့်ကို ကူညီပေးသနည်း သင်၏ မိတ်ဆွေ နှင့် မိသားစုများ ထံပြန်လည်၍ ဆက်သွယ်ပြီးပြီလား အသက်ကိုခပ်ပြင်းပြင်းရှုခြင်း နှင့် အကြောဆ န့်ခြင်း၊ အားကစားတချို့နှင့် အိပ်ရေး၀၀အိပ်စက်ခြင်းများ လုပ်ဖြစ်ပါသလား ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းကို ဦးစားပေးခြင်းက သင့်ကို ဖိစီးမှုများ လျော့ကျစေနိုင်ပါသည်။
1-833-681-0211 သို့ ဖုန်းခေါ်ဆို၍ Washington Listens ကို ဆက်သွယ်လိုက်ပါ။ ဖုန်းစကား ပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။ COVID-19 ကပ်ရောဂါကို တုံ့ပြန်သည့် အနေဖြင့် ၀ါရှင်တန်မှ ထောက်ပံ့ပေးသည့် အစီအစဥ် Washington Listens ကိုထုတ်ပြန်ခဲ့ပါသည်။ Washington Listens ၀န်ဆောင်မှုများကို အသုံးပြုသူများသည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများ နှင့် ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကူညီထောက်ပံ့မှုများရရှိပါသည်။ Washington Listens မှ ၀ါရှင်တန်၌ ရှိသည့် မည်သူမဆို ထောက်ပံ့ရေးပညာရှင် နှင့် စကားပြောဆိုနိုင်ရန် ကူညီပေးနိုင်ပါသ ည်။ ဖုန်းခေါ်ဆိုသူများအနေဖြင့် ၎င်းတို့၏ ဧရိယာတစ်၀ိုက်ရှိ ပတ်၀န်းကျင်ရင်းမြစ် အထောက်အပံ့ နှင့် အဆက်အသွယ်များကို ရရှိနိုင်သည်။ ဤအစီအစဥ်သည် ထင်ရှားမှုမရှိသေးပါ။
သင်၏ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အသိပညာပေးမှုခံယူရန် တစ်စုံတစ်ယောက် နှင့် ပြောဆိုလိုပါက ရွေးချယ်နိုင်ရာ တချို့ ရှိပါသည်။
- Disaster Distress Helpline အနေဖြင့် သဘာ၀ဘေးဒဏ် သို့မဟုတ် လူကြောင့် ဖြစ်ပွားသည့် ဘေးဒဏ်များ ကြောင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသည့် သူများကို ချက်ချင်း အသိ ပညာပေးခြင်းများကို ထောက်ပံ့ပေးပါသည်။ 1-800-985-5990 သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န် ဆောင်မှုများကို ရရှိနိုင်ပါသည်။ Helpline သည် နေ့စဥ် 24 နာရီလုံး ဆက်သွယ်၍ ရနိုင်ပါသည်။
- Crisis Connections အနေဖြင့် တစ်ဦးချင်းစီအနေဖြင့် ဖြစ်စေ၊ မိသားစုများ နှင့် မိတ်ဆွေများ ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အခက်ကြုံနေရသည့်သူများကို လျင်မြန်စွာကူညီထောက်ပံ့ပေးနိုင်ရန် 24 နာရီ Crisis လိုင်းကို ဖွင့်ထားပါသည်။ ယင်းက King ကောင်တီတွင်နေထိုင်သူများကို ထောက်ပံ့ပေးပါသည်။ ဖုန်းစကားပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။ 1-866-427-4747 သို့ ဖုန်းခေါ်ဆိုပါ။
- National Suicide Prevention Lifeline မှလည်း သေကြောင်းကြံစည်ရန် စဥ်းစား နေသည့်သူများကို ကာကွယ်ရန် နှင့် အခက်ကြုံမှုတွင် အသုံးပြုမည့် ရင်းမြစ်များကိုလည်း ကမ်းလှမ်းထားပါသည်။ မိမိတို့၏ မိသားစု နှင့် မိတ်ဆွေများကို ကူညီရန်အတွက် လိုအပ်သည့် ရင်းမြစ်များကိုရယူရန် ချစ်ရသောသူများမှလည်း lifeline သို့ ဆက်သွယ်နိုင်ပါသည်။ 1-800-273-8255 သို့ ဖုန်းခေါ်ဆိုပါ။ ဤ ဟော့လိုင်းမှာ နေ့စဥ် 24 နာရီ နှင့် တစ်ပတ်လျှင် 7 ရက်စလုံး ခေါ်ဆိုနိုင်ပါသည်။ စစ်မှုထမ်းဟောင်းများအတွက်လည်း သီးသန့် helpline တစ်ခုရှိပါသည်။ 1-800-273-8255 သို့ ဖုန်းခေါ်ဆို၍ 1 ကိုနှိပ်ပါ။ အကယ်၍ သင်သည် နားမကြား နှင့် အကြားအာရုံပြဿနာ ရှိသောသူဖြစ်ပါက 1-800-799-4889 သို့ ဖုန်းခေါ်ဆိုပါ။
အစားအသောက် ရင်းမြစ်များ
အကယ်၍ သင့်တွင် 18 နှစ် နှင့် ယင်းထက်ငယ်သည့် အသက်အရွယ်ရှိသော ကလေးရှိပါက မိမိတို့ကျောင်းမှ အစားအသောက်အခမဲ့ ရရှိနိုင်ပါသည်။ မသန်မစွမ်းဖြစ်နေသည့် အရွယ်ရော က်ပြီးသူများအနေဖြင့်လည်း ပညာရေးအစီအစဥ်များတွင် စာရင်းသွင်းထားပါက ကျောင်းမှပေးသည့် အစားအသောက်များကို ရယူရန် အရည်အချင်း ပြည့်မီပါသည်။ ပုံမှန်အားဖြင့် ဤအစားအသောက် များမှာ ကျောင်းတည်နေရာများမဟုတ်သည့် ဘတ်စ်ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လာပို့ပေး လေ့ရှိပါသည်။ အခမဲ့အစားအသောက်များ ရရှိနိုင်မှု ရှိ၊မရှိကို သင်၏ ကျောင်းခရိုင်ကို ဆက်သွယ်မေးမြန်းပါ။
ကိုယ်၀န်ဆောင်ထားရသောသူများ၊ မိခင်အသစ်များ နှင့် အသက် 5 နှစ်အောက်ကလေးငယ်များမှာ Department of Health’s Women, Infants and Children (WIC) အစီအစဥ်မှ တစ်ဆင့် အစား အသောက်များကို ရရှိနိုင်ပါသည်။ ဘာသာစကားအကူအညီအတွက် 1-866-632-9992 သို့ ဖုန်းခေါ်ဆိုပါ။
Covid-19 ကာလတွင် အစားအသောက်များ ပိုမိုတောင်းခံလာမှုကြောင့်အစားအသောက်ဘဏ်များ အနေဖြင့် မိမိတို့၏ လမ်းညွှန်ဆိုင်းဘုတ်များ နှင့် ဖွင့်သည့် အချိန်နာရီများကို ပြောင်းလဲထားခြင်း၊ ပိတ်သိမ်းထားခြင်းများ ပြုလုပ်ထားနိုင်ပါသည်။ မသွားခင် ဖုန်းခေါ်ဆိုပါ။ Northwest Harvest သည် ပြည်နယ်တစ်ခွင်၌ရှိသော အစားအသောက်ဘဏ် ကွန်ရက် တစ်ခုဖြစ်ပါသည်။ ၀က်ဘ်ဆိုက်ရှိ အစိမ်းရောင်သေတ္တာလေး၏ ဘယ်ဘက်တွင် ရှိသည့် သေတ္တာတွင် သင်၏ မြို့နာမည်ကို ရိုက်ထည့်ပါ။
၀ါရှင်တန်၏ အရှေ့ပိုင်းတွင် နေထိုင်ပါက အစားအသောက်ဘဏ်များစာရင်းကို Second Harvest တွင် တွေ့နိုင်ပါသည်။ သင်၏နေရာတွင်ရှိသည့် အစားအသောက်ဘဏ်များ၏ စာရင်းကို တွေ့ရှိနိုင်ရန် ၀က်ဘ်ဆိုက်တွင် သင်၏ကောင်တီကို ရွေးချယ်ပါ။
မိသားစုများအတွက် အချက်အလက် နှင့် ရင်းမြစ်များ
ဤအချိန်သည် မိသားစုများအားလုံးအတွက် ဖိစီးမှုအဖြစ်ဆုံး အချိန်ဖြစ်ပါသည်။ ဤကဲ့သို့ အခြေအနေကို သင်၏ ကလေးငယ်များ နှင့်အတူ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပုံကို သိရန် အောက်ဖော်ပြပါ အကြံပြုချက်များကိုဖော်ပြပေးထားပါသည်-
သက်တောင့်သက်သာ ရှိသည့် နေရာမျိုးတွင် မိသားစုအစည်းအဝေးလုပ်၍ မိမိတို့၏ မိသားစု၀င်များကို မေးခွန်းများမေးရန် အားပေးပါ။ ငယ်ရွယ်သော ကလေးငယ်များအတွက် သီးသန့် ဆွေးနွေးမှုလုပ်ခြင်း က သူတို့ နားလည်နိုင်သည့် စကား နှင့် သူတို့၏ သတ်သတ်မှတ်မှတ် ကြောက်ရွံ့မှုများ နှင့် အယူအ ဆအလွဲများကို ထုတ်ဖော်ပြောဆိုနိုင်ရန် အဆင်ပြေနိုင်ပါသည်။
သင်၏ မိသားစု နှင့် မိတ်ဆွေများကို တယ်လီဖုန်း သို့မဟုတ် အွန်လိုင်း၀န်ဆောင်မှုများမှ တစ်ဆင့် နီးကပ်စွာနေပါ။
အချက်အလက်အသစ်များအတွက် မျက်စိပွင့်နားပွင့် ဖြစ်သင့်သော်လည်း မီဒီယာ သို့မဟုတ် လူမှုကွန်ရက်၏ ကြောက်ရွံ့မှု နှင့် ထိတ်လန့်မှုများကို အသားပေးသောအရာများမှ လျှော့ချပါ။ ကပ်ရောဂါ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထုတ်လွှင့်သော မီဒီယာ နှင့် လူမှုကွန် ရက်များကို မိမိ၏ ကလေးငယ်များ မည်မျှသုံးစွဲနေသည်ကို အထူးသဖြင့် သိရှိအောင်လုပ်ထားပါ။
လတ်တလောအခြေအနေကို သူတို့နားလည်နိုင်ရန် မေးခွန်းများမေးရန် အားပေးခြင်းအားဖြင့် ကလေးများကို ထောက်ပံ့ကူညီပေးရန် အာရုံစိုက်ပါ။
- သူတို့၏ ခံစားချက်များကို ထုတ်ပြောစေ၍ နားလည်ကြောင်း ဖော်ပြပါ။
- သူတို့၏ ခံစားချက်များကို ပန်းချီဆွဲခြင်း သို့မဟုတ် တခြားသောလုပ်ဆောင်မှုများမှတစ်ဆင့် ကူညီဖော်ပြပေးပါ။
- အသက်ရှုလမ်းကြောင်း နှင့်ဆိုင်သော ရောဂါတိုင်းသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်သလို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ပုံ နှင့် စပ်လျဥ်း၍ အယူအဆအမှားများ သို့မဟုတ် တလွဲ အယူအဆများကို ရှင်းပြပါ။
- နှစ်သိမ့်ပေးပြီး ပို၍ စိတ်ရှည်မှုပြပေးပါ။
- အခြေအနေ ပြောင်းလဲလာသည့် အခါမျိုးတွင် သို့မဟုတ် ပုံမှန် သင်၏ ကလေးငယ်များနှင့် ဆက်သွယ်ပြောဆို ပေးပါ။
- အိပ်ချိန်များ၊ စားချိန်များ နှင့် အားကစားလုပ်ချိန်များ နှင့် ပတ်သက်လျှင် မိသားစု၏ အချိန်ဇယားကို တစ်သမတ်တည်းထားပါ။
- ဖိစီးမှုများသည့် အချိန်များတွင် သင် နှင့် သင့် မိသားစုကို ခံစားမှုကောင်းစေသောအ ရာများဖြစ်သည့် စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းဆော့ခြင်း၊ အားကစားလုပ်ခြင်း သို့မဟုတ် ဘာသာရေးလုပ်ဆောင်မှုများဖြစ်သည့် (ဆုတောင်းခြင်း၊ အင်တာနက်မှတစ်ဆင့် အစည်းဝေးပွဲများတက်ရောက်ခြင်းများ) တွင် ပါ၀င်ပါ။
- ကပ်ရောဂါကဲ့သို့ ဖိစီးမှုများသည့် အခြေအနေမျိုးတွင် အထီးကျန်ခြင်း၊ ပျင်းရိခြင်း၊ ရောဂါကူး စက်ခံရမှာ ကြောက်ခြင်း၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှု နှင့် ထိတ်လန့်မှုများသည် သာမာန်ခံစားချက်များ သာလျှင် ဖြစ်ကြောင်း အသိအမှတ်ပြုပါ။
- သင့်မိသားစု နှင့် ၎င်းတို့၏ ယဥ်ကျေးမှု နှင့်ကိုက်ညီသော ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်မှုများတွင် ပါ၀င်ပါ။
အသက် 60 ကျော်သည့်သူများတွင် COVID-19 ရောဂါမှ ပြင်းထန်သောဖျားနာမှုများ ပိုမို၍ ဖြစ်နိုင်သည်။ အကယ်၍ သင်သည် အသက်ကြီးသူများ နှင့်အတူ နေထိုင်ပါက ဘေးကင်းနိုင်ရန် နည်းလမ်းများကို ရှာဖွေပါ။
- ကုန်ပစ္စည်းများ၀ယ်ယူခြင်း နှင့် အခြားသောမဖြစ်မနေလုပ်ဆောင်ရမည့်အရာများကို ကူးစက်ခံရမှုနည်းသည့် မိသားစု၀င်များကို လုပ်ဆောင်ခိုင်းပါ။
- အိမ်သို့ ရောက်သည့်နှင့် တစ်ပြိုင်နက် အားလုံးလက်ဆေးကြရန် သေချာစေပါ။ အတူဝေ မျှသုံးသည့် နေရာများ၊ မျက်နှာပြင်များ နှင့် အခန်းများကို မကြာခဏ သန့်စင်ပါ။
- အကယ်၍ သင့်အိမ်သူအိမ်သားတစ်ဦးဦးမှ ကူးစက်ခံရခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ရှိနေပါက အတတ်နိုင်ဆုံး သီးခြားနေရန် ကြိုးစားပါ။ ကိုယ်ပိုင်အခန်း နှင့် သီးသန့် သန့်စ င်ခန်းများ ရရှိနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ မျှဝေသုံးစွဲသည့် နေရာများကို မကြာခဏသ န့်စင်၍ အားလုံးလိုလိုမှ ဖျားနာနေခြင်း သို့မဟုတ် မိမိ၍ ကူးစက်အလားအလာရှိသည့် အခြေအနေများတွင် အိမ်သူအိမ်သားအားလုံး နှာခေါင်းစည်းကို တပ်ဆင်သင့်သည် ။